Saturday, March 31, 2012

Nokia 5800 expressmusic ကို Hack ခြင်း

#
Views # #
ရေးထားတဲ့ အတိုင်း တစ်ဆင့်ခြင်းလုပ်ကြည့်ပါ
အရင်ဆုံး download ဒီဖိုင်လေးကိုဒေါင်းပေးပါ
ဒေါင်းထားတဲ့ဖိုင်ကို ဖြေလိုက်ရင် privite ဆိုတဲ့ ဖိုဒါလေးရပါမယ်
အဲ့ဒီ privite ဖိုဒါလေးကို ဖုန်းရဲ့ memory  ကတ်ထဲကို ကော်ပီကူးထည့်လိုက်ပါ
ပြီးရင်တော့ download ဒီဖိုင်လေးကိုထပ်ဒေါင်းလိုက်ပါ
ဒေါင်းထားတဲ့ဖိုင်ကို ဖြေလိုက်ရင်  NortonSymbianHackLDD.sis နဲ့ RomPatcherPlus_3.1_LiteVersion.sisx ဆိုတဲ့ .sis  ဖိုင်လေးနှစ်ခုရမယ် အဲ့ဒီ ရလာတဲ့ ဖိုင်လေးနှစ်ခုကို  ဖုန်းရဲ့ memory  ကတ်ထဲကို ကော်ပီကူးထည့်လိုက်ပါ
ပြီးရင် ကွန်ပျူတာ မလိုတော့ဘူး
ပထမဆုံး NortonSymbianHackLDD.sis ဆိုတဲ့ဖိုင်လေးကို ဖုန်းနဲ့ပဲ  install လုပ်ပါ install လုပ်ပြီးရင်  application ထဲဝင်ပြီး Norton  ကိုနှိပ်ပါ  ပြီးရင် AntiVirus ကိုနှိပ်ပါ ပေါ်လာတဲ့ ရွေးစရာတွေ ထဲက Quarantine list ကိုနှိပ်ပါ
အဲဒီအခါမှာ CoDeRus.Hack.LDD.9x
               CoDeRus.Hack.LDD.9x
               CoDeRus.Hack.LDD.9x ဆိုတဲ့ ဖိုင် ၃ ခုတွေ့ရမယ်
အောက်ဆုံးက Options ကိုနှိပ်ပါ
ပေါ်လာတဲ့ ရွေးစရာတွေထဲက Restore all ကိုရွေးပါ Yes ကိုနှိပ်ပါ
ဒါဆိုတစ်ခုပြီးပါပြီ ဖုန်းကို Restart ချလိုက်ပါ
ဖုန်းကိုပြန်ဖွင့်ပါ
Setting ကိုသွားပါ
Application ကိုရွေးပါ
ပြီးရင် Installed Applications ကို နှိပ်ပါ
ပေါ်လာတဲ့ ဆော့ဝဲ အမည်တွေထဲက
Norton AntiVirus
Norton Integrator
Norton Lincense Manager
Norton Quarantine Hack
အဲ့ဒီလေးခုကို တစ်ခုချင်း Uninstall လုပ်ပေးပါ
ပြီးသွားရင် RomPatcherPlus_3.1_LiteVersion.sisx ဆိုတဲ့ ဖိုင်လေးကို install လုပ်ပါ
install လုပ်ပြီးရင်  application ထဲဝင်ပြီး ROMPatcher+ ဆိုတဲ့ကောင်လေးကိုနှိပ်ပါ
Install Server RP+ နဲ့ Open4All RP+ ဆိုတာလေးတွေ ကို အပြာရောင် မျှားတွေနဲ့တွေ့ရမယ်
အဲ့ဒါတွေ အောက်က Options ကိုနှိပ်ပါ
ပေါ်လာတဲ့ ရွေးချယ်စရာတွေထဲက All Patches ကိုနှိပ်ပါ Apply နဲ့ Disable ဆိုပြီးနှစ်ခုတွေ့ရမယ်
Apply ကိုရွေးလိုက်ပါ
Install Server RP+ နဲ့ Open4All RP+ ဆိုတာလေးတွေ က အမှန်ချစ်အစိမ်းရောင်တွေဖြစ်သွားမယ်
ဒါဆိုရင် ဖုန်းထဲကို ဆော့ဝဲတွေ ထည့်လို့ရပါပြီ
ကျွန်တော့် nokia 5800 ကို ဒီလိုပဲ Hack ခဲ့တာပါ
အရေးအသားမကောင်းလို့ နားမလည်ခဲ့ရင် ခွင့်လွှတ်ပါ

No comments: