Friday, April 13, 2012

ဆင်ဆာ (သို့မဟုတ်) အနုပညာ အကျဉ်းထောင်

#
Views # #
 

ကျွန်တော့်အမြင်တော့ အနုပညာဆိုတာဟာ ရသမြောက်ဖို့က အရေးအကြီးဆုံးပါပဲ ဖန်တီးလိုက်တဲ့ အနုပညာဟာ ပရိသတ်ရဲ့ ရင်ထဲကိုရောက်ရှိစေမှသာ တန်ဖိုးရှိမှာပါ ရုပ်ရှင် ဗီဒီယိုတွေ ပြီးဆုံးသွားတဲ့အခါ ပရိသတ်ရဲ့ ရင်ထဲ စိတ်ထဲမှာ ဘာတွေကျန်ခဲ့သလဲ တစ်ခုခုကျန်ခဲ့ရပါလိမ့်မယ် ပရိသတ်ကို ငိုအောင်ရီအောင် ဖမ်းစားနိုင်မှသာ အနုပညာရယ်လို့ ထင်မြင်ယူဆပါတယ် အဲဒီလိုမဖမ်းစားနိုင်ဘူး ဆိုရင်တော့ ရုပ်ရှင် ဗီဒီယိုတွေဟာ သာမာန် နည်းပညာတိုးတက်ဖွံဖြိုးမှု မျှသာဖြစ်ပါတယ် ဒီဇာတ်လမ်းတိုလေးကို မကြည့်ရသေးခင်တုန်းက ကျွန်တော် မြန်မာ ရုပ်ရှင် ဗီဒီယိုတွေကို အရမ်းအထင်သေးခဲ့ပါတယ် ပရိသတ်ကို ငိုအောင်ရီအောင် မဖမ်းစားနိုင်တဲ့ မြန်မာ ရုပ်ရှင် ဗီဒီယိုတွေကို နိုင်ငံခြား ဇာတ်ကားတွေကြည့်ပြီး အားမလို အားမရ ဖြစ်မိပါတယ် ခုတော့ ဒီဇာတ်လမ်းတိုလေးကိုလည်း ကြည့်ပြီးရော မြန်မာ ရုပ်ရှင် ဗီဒီယိုတွေကို သနားမိတယ် စိတ်မကောင်းလည်း ဖြစ်ရတယ် အော် ဆင်ဆာဆိုတာကြီးကြောင့် ပါလားဆိုပြီးတော့လည်း တွေးမိတယ် တကယ်တော့ အနုပညာဆိုတာကို အနုပညာ အမြင်တစ်ခုတည်းနဲ့သာ ကြည့်ရမှာပါ အနုပညာရဲ့ ဂုဏ်သိက္ခာဟာ ပရိသတ်ကို ငိုအောင်ရီအောင် ဖမ်းစားနိုင်ခြင်းပါ ဆရာဝန်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာဟာ လူနာတွေရဲ့ ယုံကြည်ကိုးစားမှုပါ ချမ်းသာကြွယ်ဝခြင်း မဟုတ်ပါဘူး သူရဲကောင်းတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဟာ အမှန်တရားအတွက် ရဲရဲရင့်ရင့် တိုက်ခိုက်ခြင်းပါ သည်းခံခြင်းမဟုတ်ပါဘူး ဘုန်းတော်ကြီးတစ်ပါးရဲ့ ဂုဏ်သိက္ခာဟာသူယုတ်မာတွေကိုသည်းခံခြင်းပါတရားမျှတခြင်းအတွက်ဘုရားရှင်ပွင့်တော်မူတာမဟုတ်ပါဘူး သံသရာက လွတ်မြောက်ခြင်းအတွက် ပွင့်တော်မူခဲ့တာပါ ဂုဏ်သိက္ခာဆိုတာ သူ့နေရာနဲ့သူ မတူညီပါဘူး အဲဒီလို မတူညီတာတွေကို စုပေါင်းပြီး အနုပညာကို ဘောင်ခတ်လိုက်တော့  ရသမြောက်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ရှားပါးလာခြင်းနဲ့ပဲ အဆုံးသတ်မှာပါ လွတ်လပ်စွာ ဖန်တီးနိုင်မှု လွတ်လပ်စွာ တီထွင်ဆန်းသစ်နိုင်မှု ခေတ်စနစ်ကို လွတ်လပ်စွာ သရော်နိုင်ခြင်းစတဲ့ အနုပညာဆိုင်ရာ လွတ်လပ်မှုတွေရှိမှသာ အနုပညာအဆင့်အတန်း မြင့်တက်လာမှာပါ ဒါကြောင့် အနုပညာအဆင့်အတန်းတိုးတက်လာရေးအတွက် ဒီဇာတ်လမ်းလေးကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဝိုင်းရယ် မြန်မာ့ရုပ်ရှင် ဗီဒီယို လောကတိုးတက်ရေးအတွက် ရဲရဲဝံ့ဝံ့ သရုပ်ဆောင်ပေးတဲ့ အနုပညာရှင်တွေကို လေးစားလျှက်

စာကျွင်း
           မတူညီသော အယူအဆများကို နားစွင့်လျှက်


    

No comments: